10 Year Milestone of Client

Business တစ်ခု ၁၀ နှစ်ပြည့်တယ်ဆိုတာ ပိုင်ရှင်တွေဘယ်လောက်ကြိုးစားကြတယ် ဘယ်လောက်တော်ကြတယ်ဆိုတာကို အထင်းသားပြတဲ့ Milestone တစ်ခုပါပဲ. အဲ့ဒိ Milestone ရဲ့ ပျော်ရွှင်မှုအရသာကို ကျွန်တော်လည်းအတူပါဝင်ခံစားရင်း ခြယ်သခဲ့ဖူးပါတယ်။
 
ကျောက်မျက်ရတနာကုမ္ပဏီတစ်ခုဖြစ်တဲ့ Forever Jewels တည်တံ့ခဲ့တာဟာဆိုရင် ယခုဆို ၂၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ အလုပ်တွဲလုပ်လာတာဟာလည်း ၁၀ စုနှစ်တစ်ခု ကျော်လာပြီပဲဖြစ်ပါတယ်။ Forever Jewels ရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့အောင်မြင်မှုပဲဖြစ်ပြီး Forever Jewels ရဲ့ လှပမှုတွေဟာလည်း ကျွန်တော်တို့ရဲ့ အလှအပဖန်တီးနိုင်စွမ်းတွေပဲဖြစ်ပါတယ်။
 
ကျောက်မျက်ရတနာတွေကို Forever Jewels ရဲ့ ပိုင်ရှင် ကမ္ဘာကျော်ကျောက်မျက်ဒီဇိုင်နာကြီးက အလှပဆုံးခြယ်သနေသလိုမျိုးပဲ ကျွန်တော်တို့ Iconic ကလည်း Forever Jewels ရဲ့ Graphic Design သေသပ်လှပမှုအားလုံးအတွက် ဆက်လက်ပြီး အကောင်းဆုံးကြိုးစားနေမှာပဲဖြစ်ပါတယ်….။
 
ပုံလေးကတော့ Forever Jewels ၁၀ နှစ်ပြည့် ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ရတနာပြပွဲအတွက် ကျွန်တော်ဖန်တီးရေးဆွဲထားတဲ့ Billboard Design ပဲဖြစ်ပါတယ်ခင်ဗျာ။