Domain Name ဆိုတာ ဘာလဲ?

Domain Name ဆိုတာ ဘာလဲ?

Domain Name ဆိုတာအလွယ်ပြောရရင် သင့်ရဲ့လုပ်ငန်းနာမည်ကို အင်တာနက်မှာ တရားဝင်ဖြစ်အောင် မှတ်ပုံတင်လိုက်တာပါပဲ။ ဥပမာ သင့်ကုမ္ပဏီနာမည်က Mar Lar Trading ဆိုရင် marlartrading.com ဆိုတဲ့နာမည်ဟာ သင့်ရဲ့ Domain Name ပေါ။ ကမ္ဘာတစ်ဝန်းလုံးမှာ ဒီနာမည်ကို ဘယ်သူမှ ထပ်ပေးလို့မရအောင် ဖြစ်သွားမှာပါ။

Domain Name ဝယ်ထားရင် ဘာလုပ်လို့ရလဲ?

ပထမဆုံးအချက်ကတော့ သင့်ကုမ္ပဏီနာမည်ဟာ Digital Platfrom မှာ မှတ်ပုံတင်ထားတာ ဖြစ်တဲ့အတွက် တခြားဟာတွေထက် ပိုပြီး offical ဆန်ပါတယ်။ Digital နဲ့ပတ်သက်တဲ့ နေရာတိုင်းမှာ Domain Name ကိုအသုံးပြုလို့ရပါတယ်။

• @marlartrading.com ဆိုတဲ့နာမည်နဲ့ Email account တွေဖွင့်လို့ရတယ်။
ပိုက်ဆံပေးပြီးဝယ်ထားရတဲ့ Email တွေဖြစ်တာကြောင့် ကိုယ့်လုပ်ငန်းဟာ ခိုင်မာပါတယ်ဆိုတာ သက်သေထူပြီးသားဖြစ်ပါတယ်။
• Facebook နဲ့Instagram လို နေရာမျိုးတွမှာ တရားဝင်ဖြစ်ပါတယ်။ Facebook, Instagram, Twitter, … အစရှ ိတဲ့ Social Media တွေမှာ Domain Name ထည့်ထားတဲ့အတွက် ကိုယ့်Page နာမည် ကိုယ့်လုပ်ငန်းနာမည်ကို အလွယ်တကူရှာဖွေလို့ရအောင် ဒီSocial Media App တွေက ကူညီပေးပါတယ်။
• ဒီ Domain Name နဲ့ပဲ Website လည်းလုပ်လို့ရတယ်။ Website လုပ်လို့ရတဲ့အတွက် Google မှာလည်း ကိုယ့်Domain Name နဲ့ Website ကို ရှာတွေ့နိုင်မှာဖြစ်ပါတယ် ဒီတော့ သင့်လုပ်ငန်းက ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေပါ ချ ိတ်ဆက်လုပ်ကိုင်ချင်တယ်ဆိ ရင် တော့ Domain Name ဟာ မပါမဖြစ်ပါပဲ။

ဒီတော့ ကိုယ့်လုပ်ငန်းတွေအတွက် Domain Name ဝယ်ချင်ရင် Iconic ကိုဆက်သွယ်ပေးပါ။

ကျွန်တော်တို့ကူညီဖို့အသင့်ရှ ိပါတယ်ခင်ဗျာ။