Free Mail Vs. Professional Business Email

𝐅𝐫𝐞𝐞 𝐌𝐚𝐢𝐥 ဆိုတာ?
Free Mail ဆိုတာကတော့ @gmail.com, @yahoo.com, @hotmail.com အစရှိတဲ့ အလွယ်တကူအကောင့်ဖွင့်လို့ရတဲ့ mail တွေကို ဆိုလိုတာပါ။
 
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐦𝐚𝐢𝐥?
Business Email တွေကို တနည်းအားဖြင့် Pail Email လို့လည်းခေါ်ပါတယ်။ ဒါကတော့ ကိုယ်လိုချင်တဲ့နာမည်နဲ့ ကိုယ်ပိုင် Email acc ကို ဝယ်သုံးတာမျိုးပါပဲ။ ဥပမာ= သင့်နာမည်က မာလာဆိုရင် @marlar.com ဆိုတာမျိုးပေါ့။ နားလည်ရလွယ်ပါတယ်။
 
နှစ်ခု ဘာကွာခြားလဲ?
 
Free Mail ရဲ့ကောင်းကျိူးက ဘာဖြစ်မလဲဆိုတော့. ဒီနာမည်နဲ့ အကောင့်မသုံးချင်တော့ရင် အလွယ်လေး နောက်တစ်ခုဖွင့်လို့ရတာပါ။ ကွန်တော်တို့ငယ်ငယ်က emokaungsoelay@gmail.com တို့ဘာတို့နဲ့ ဖွင့်ခဲ့ပြီး ၂၀ကျော်လောက်ဖြစ်လာမှ မသုံးချင်/သုံးရအဆင်မပြေတော့လို့ အသစ်တွေပြောင်းဖွင့်ရတာမျိုးပေါ့ HAaaa HAaa!!!
နောက်တစ်ခု- သင်က တစ်ကိုယ်ရည်တစ်ကာယ Personal only ပဲ သုံးချင်တာမျိုးဆိုရင်တော့ Free Mail တွေက သုံးဖို့အဆင်ပြေပါတယ်။
 
Free Mail ရဲ့ မကောင်းတဲ့အချက်တွေကတော့
– Security ပိုင်းအားနည်းတာ
– ကြော်ညာတွေ/ မလိုတဲ့ spam mail တွေလာတတ်တာ
– ပြီးတော့ လုပ်ငန်းကြီးလုပ်နေတဲ့သူတွေအနေနဲ့ တခြားသူက ကိုယ့် email address တောင်းတဲ့အခါ Free Mail အကောင့်ပေးရတာက ဒီမှာတော့သိပ်မသိသာပေမဲ့ တခြားနိုင်ငံတွေမှာတော့ ကိုယ့်လုပ်ငန်းက အစစ်အမှန်မှဟုတ်ရဲ့လား/ တကယ်ရောအောင်မြင်နေရဲ့လား ဆိုတဲ့ ကိုယ့်လုပ်ငန်းရဲ့ professionalism ကိုပါ သံသယနဲ့အတွေးခံရတာမျိုးတွေ
– Email Storage နည်းတဲ့ပြဿနာ
အပေါ်က အချက်တွေအပြင် အဓိက အကျဆုံးကတော့ လုပ်ငန်းနာမည်နဲ့မဟုတ်ပဲ Free Mail ဖြစ်နေတဲ့အခါမှ ကိုယ့်လုပ်ငန်း ကိုယ့်ရဲ့ Brand ကို လူတွေမှတ်မိဖို့ခက်တာတွေ အစရှိသဖြင့် စီးပွားရေးလုပ်တဲ့သူတွေအတွက်ကတော့ Free Mail ကို ကိုယ့်စီးပွားရေးအတွက် သုံးတဲ့အခါမှာ ဖြစ်တတ်တာလေးတွေရှိပါတယ်။
 
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐢𝐥 (သို့) 𝐏𝐚𝐢𝐝 𝐌𝐚𝐢𝐥
ရှင်းပါတယ်။ Business Mail တွေဟာ ဝယ်သုံးရတဲ့ mail ဖြစ်ပါတယ်။
ပိုက်ဆံပေးဝယ်ရတဲ့အတွက် ဝယ်ရတာနဲ့တန်တဲ့ service, security, ဒါတွေ ပြန်ရစမြဲပါ။
Business Mail (Paid Mail) နဲ့ သုံးတဲ့အခါ
– သင့်ရဲ့ customer သို့မဟုတ် လုပ်ငန်း ပါတနာဆီကို သင့်ကိုယ်ပိုင်လုပ်ငန်းနာမည်ပါတဲ့ email account နဲ့ စာပို့တဲ့အခါတိုင်းမှာ သင့်လုပ်ငန်းရဲ့ image တက်ပါတယ်။ ပိုပီးတော့ Professional ဆန်တယ်. ဂုဏ်ရှိတယ်. ပိုပြီးစိတ်ချယုံကြည်ရတဲ့လုပ်ငန်းဆန်ပါတယ်။
– သင့်လုပ်ငန်းရဲ့အရေးကြီးတဲ့ email တွေအတွက် security ပိုင်း စိတ်ချရတယ် . Hack တာတွေ, အကောင့်lock ကျတာတွေ ဘာတွေ အဲ့ဒါမျိုးတွေကို စိတ်ပူနေစရာမလိုပါဘူး။
– လုပ်ငန်းခြင်းယှဉ်လာရင်တောင် Free Mail သုံးတဲ့သူနဲ့ Paid Mail သုံးတဲ့သူဆိုရင် ဘယ်သူက လုပ်ငန်းရဲ့ impression, profession, branding and privacy ကို ပိုဂရုစိုက်လဲဆိုတာ သိသာပါတယ်။
 
ဒီတော့ Free Mail နဲ့ Professional Business Email ဘာကွာခြားလဲဆိုတာကို အကြမ်းဖျင်းအနေနဲ့ သိပြီးလို့ ကိုယ့်ရဲ့ လုပ်ငန်းအတွက် Business Email လိုချင်တယ်/ ဒါမှမဟုတ် ဒီထပ်ပိုပြီး သိချင်တာတွေရှိတယ်ဆိုရင် ကျွန်တော်တို့ 𝗜𝗰𝗼𝗻𝗶𝗰 ရဲ့ message box မှာ 𝗛𝗲𝗹𝗹𝗼! လိုက်ပါ။
 
လူကြီးမင်းလိုချင်တဲ့servicesများအတွက် အကောင်းဆုံးဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်ခင်ဗျာ။
ကောင်းသောနေ့ဖြစ်ပါစေ။