Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာဖွံ့ဖြိုးလာမှုနဲ့ ပက်သက်ပြီး လူတွေရဲ့ တုန့်ပြန်ပုံကတော့ အမျိုးမျိုးပါပဲ။ နည်းပညာ အသစ်အပေါ် စိတ်ဝင်စားမှုနဲ့အတူ ကြိုဆိုတဲ့သူတွေလည်းရှိ၊ သတိကြီးကြီးနဲ့ စောင့်ကြည့်လိုသူတွေလည်း ရှိကြတယ်။ ကျွန်တော့်အတွက်တော့ AI ဟာ ဒီဇိုင်နာတွေအတွက် လက်ကမ်းကြိုရမယ့် တိုးတက်မှုကြီး တစ်ခုလို့ မြင်ပါတယ်။ ◉ အထင်ရှားဆုံး သိသိသာသာ ခံစားရနိုင်တာက နည်းပညာဘက်က အကန့်အသတ်တွေမှာ အချိန်ကုန်နေစရာ မလိုဘဲ အိုင်ဒီယာပိုင်းကို လွတ်လွတ်လပ်လပ် ပိုပြီး ညာဏ်ကွန့်မြူးလာနိုင်တယ်။ ပုံတွေ extend လုပ်တာလို၊ image တွေ Generate လုပ်တာလိုမျိုး ဖန်တီးမှုနဲ့ သိပ် အများကြီး မဆိုင်လှတဲ့အလုပ်မျိုးတွေမှာ ကျွန်တော်တို့ ဒီဇိုင်နာတွေ အချိန်အတော်ပေးခဲ့ရတာပါ။ ခုဆိုရင် ပုံတစ်ပုံရဲ့ အကန့်သတ်ကြောင့် ကိုယ့် အိုင်ဒီယာ […]
Category Archives: Iconic Digital Branding Solutions Ltd.
Business တစ်ခု ၁၀ နှစ်ပြည့်တယ်ဆိုတာ ပိုင်ရှင်တွေဘယ်လောက်ကြိုးစားကြတယ် ဘယ်လောက်တော်ကြတယ်ဆိုတာကို အထင်းသားပြတဲ့ Milestone တစ်ခုပါပဲ. အဲ့ဒိ Milestone ရဲ့ ပျော်ရွှင်မှုအရသာကို ကျွန်တော်လည်းအတူပါဝင်ခံစားရင်း ခြယ်သခဲ့ဖူးပါတယ်။
Domain Name ဆိုတာအလွယ်ပြောရရင် သင့်ရဲ့လုပ်ငန်းနာမည်ကို အင်တာနက်မှာ တရားဝင်ဖြစ်အောင် မှတ်ပုံတင်လိုက်တာပါပဲ။ ဥပမာ သင့်ကုမ္ပဏီနာမည်က Mar Lar Trading ဆိုရင် marlartrading.com ဆိုတဲ့နာမည်ဟာ သင့်ရဲ့ Domain Name ပေါ။ ကမ္ဘာတစ်ဝန်းလုံးမှာ ဒီနာမည်ကို ဘယ်သူမှ ထပ်ပေးလို့မရအောင် ဖြစ်သွားမှာပါ။
Business Mail (Paid Mail) နဲ့ သုံးတဲ့အခါ
– သင့်ရဲ့ customer သို့မဟုတ် လုပ်ငန်း ပါတနာဆီကို သင့်ကိုယ်ပိုင်လုပ်ငန်းနာမည်ပါတဲ့ email account နဲ့ စာပို့တဲ့အခါတိုင်းမှာ သင့်လုပ်ငန်းရဲ့ image တက်ပါတယ်။ ပိုပီးတော့ Professional ဆန်တယ်. ဂုဏ်ရှိတယ်. ပိုပြီးစိတ်ချယုံကြည်ရတဲ့လုပ်ငန်းဆန်ပါတယ်။
- 1
- 2