Motochimp

Client: Wong Fong Engineering Works (1988) Pte Ltd and Vanda Electrics Pte Ltd
China, Singapore

ကုန်ပစ္စည်း

Electronic bike။ လျှပ်စစ်စက်ဘီး

တစ်နာရီကို ၂၈ မိုင်လောက်ပြေးတယ်ဆိုတော့ အမှန်တော့ လျှပ်စစ်စက်ဘီး တစ်ခုထက်ပိုပါတယ်။ လူငယ်တွေကို ဦးတည်ပြီး ရောင်းမယ်။ သူ့ရဲ့ ဆောင်ပုဒ်က The World Looks Different When You Are On A Motochimp။ ဒီစက်ဘီးပေါ်တက်လိုက်ပြီဆိုရင် ကမ္ဘာသစ်ကြီးတစ်ခုကို သင်မြင်ရလိမ့်မယ်လို့ ဘာသာပြန်ရမယ် ထင်ပါရဲ့။

 

ဒီဇိုင်းချည်းကပ်ပုံ

စက်ဘီးရဲ့ ဒီဇိုင်းက မော်ဒန်နဲ့ ရှေးရိုးပေါင်းထားတဲ့ ပုံစံမျိုး။ လေးထောင့် box ကြီးတစ်ခုကို ဘီးတွေလာတပ်ထားရုံက လွဲလို့ ဘာမှ ထူးထူးခြားခြားမပါ။ ဒါပေမဲ့ သူ့ရဲ့ သုံးထားတဲ့ material တွေက အရမ်းမော်ဒန်ဆန်တယ်။

ဘီးရဲ့ ဒီဇိုင်းနဲ့ လိုက်ဖက်ညီအောင် minimalist ပုံစံနဲ့ ချည်းကပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ပါတယ်။ နာမယ်ကလည်း motochimp ဆိုတော့ ချန်ပန်ဇီမျောက်ကို brand image အဖြစ် သုံးမယ် စဥ်းစားတယ်။ လူငယ်ဆန်ရမယ်။ ကမ္ဘာသစ်ကို ကိုယ်စားပြုဖို့ နည်းနည်း ပုံမှန်မဟုတ်တဲ့ ချည်းကပ်ပုံကို သုံးမယ်။

ဒီဇိုင်း element တွေ အနေနဲ့ ဘီးဒီဇိုင်းရဲ့ shape ကို နေရာတိုင်းမှာ မိတ်ဆက်ဖို့ ကြိုးစားတယ်။ လူငယ်တွေ အသုံးများတဲ့ တီရှပ်နဲ့ စက်ဘီးစီးသူတွေ သုံးလေ့ရှိတဲ့ ရေဘူး၊ ကီးချိန်းတွေမှာ အဲဒီ box shape တွေ သုံးတယ်။

Tv commercial ကစလို့၊ ဓါတ်ပုံရိုက်တာရော၊ pattern တွေဆွဲရတာ အဆုံး channel မျိုးစုံကို သုံးပြီး အားပါးတရ ဖန်တီးခဲ့ရတဲ့ project ပါ… product ကိုယ်တိုင်က စိတ်ဝင်စားဖို့ ကောင်းတာရော၊ ချည်းကပ်ပုံနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရခဲ့အတွက်ပါ စိတ်လှုပ်ရှားစရာ project တစ်ခုဖြစ်ပါတယ်။