Author Archives: thuta.win

AI နည်းပညာဖွံ့ဖြိုးလာခြင်းက Design လောကနဲ့ ဒီဇိုင်နာတွေ အတွက် ခြိမ်းခြောက်မှု တစ်ခုလား?

Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာဖွံ့ဖြိုးလာမှုနဲ့ ပက်သက်ပြီး လူတွေရဲ့ တုန့်ပြန်ပုံကတော့ အမျိုးမျိုးပါပဲ။ နည်းပညာ အသစ်အပေါ် စိတ်ဝင်စားမှုနဲ့အတူ ကြိုဆိုတဲ့သူတွေလည်းရှိ၊ သတိကြီးကြီးနဲ့ စောင့်ကြည့်လိုသူတွေလည်း ရှိကြတယ်။ ကျွန်တော့်အတွက်တော့ AI ဟာ ဒီဇိုင်နာတွေအတွက် လက်ကမ်းကြိုရမယ့် တိုးတက်မှုကြီး တစ်ခုလို့ မြင်ပါတယ်။ ◉ အထင်ရှားဆုံး သိသိသာသာ ခံစားရနိုင်တာက နည်းပညာဘက်က အကန့်အသတ်တွေမှာ အချိန်ကုန်နေစရာ မလိုဘဲ အိုင်ဒီယာပိုင်းကို လွတ်လွတ်လပ်လပ် ပိုပြီး ညာဏ်ကွန့်မြူးလာနိုင်တယ်။ ပုံတွေ extend လုပ်တာလို၊ image တွေ Generate လုပ်တာလိုမျိုး ဖန်တီးမှုနဲ့ သိပ် အများကြီး မဆိုင်လှတဲ့အလုပ်မျိုးတွေမှာ ကျွန်တော်တို့ ဒီဇိုင်နာတွေ အချိန်အတော်ပေးခဲ့ရတာပါ။ ခုဆိုရင် ပုံတစ်ပုံရဲ့ အကန့်သတ်ကြောင့် ကိုယ့် အိုင်ဒီယာ […]

အစုံသုပ်

Graphic Designer position ခေါ်တာမှာ အစုံသုပ် လိုအပ်ချက်တွေက များလိုက်တာဆိုတဲ့ ဒီဇိုင်နာတွေ ဘက်က အသံကို မကြာခဏ ကြားရတတ်တယ်… ကျွန်တော် ဒီဇိုင်နာ အနှစ်နှစ်ဆယ်လောက် လုပ်လာခဲ့ပြီး၊ ကိုယ်ပိုင် agency လေးထောင်တာ နှစ်နှစ်လောက် ရှိပါပြီ.. ဒီတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ ဖီလင်ကို ကောင်းကောင်းသိတယ်.. လုပ်ငန်းရှင် တစ်ယောက်အဖြစ်ကတော့ အေဂျင်စီ စထောင်ထဲက ကိုဗစ်နဲ့ တိုးနေတုန်းမို့ ပီပီပြင်ပြင် အသားမကျသေးဘူးလို့ ဆိုရမှာပေါ့… ဒီဇိုင်နာတွေ အတွက် ကိုယ့်အလုပ်ဟာ ဒီဇိုင်းဆွဲတာဆိုပေမယ့် နည်းပညာနဲ့ အတူတွဲပြီး ပါတဲ့ ဒီနေ့ Trend ထဲမှာ လိုင်းဝင်တဲ့ အမျိုးအစား ဖြစ်တယ်ဆိုတာ ပထမဦးဆုံး နားလည်လက်ခံထားဖို့ လိုပါတယ်… (အမှန်ဆို ဂုဏ်ယူစရာတောင် ကောင်းသေးတယ်..) တချို့ အလုပ်အမျိုးအစားတွေလို […]